Movie review score
5
ဇတ်လမ်းအကျဉ်း 👇🎞
Murphy နိယာမအရ “ မှားနိုင်တဲ့အရာမှန်သမျှ ဆက်ပြီးမှားနေမှာပဲ ” လို့အဆိုပြုထားပါတယ် ...
ဇာတ်လမ်းလေးမှာ ကွမ်ရှောင်ထုန် ဆိုတဲ့ မိန်းကလေးက Meet and Match အွန်လိုင်းအောင်သွယ်ကုမ္ပဏီတစ်ခုက အချစ်ရေးရာကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး အားလုံးရဲ့ အချစ်ရေးအခက်အခဲမှန်သမျှကို ဖြေရှင်းပေးနိုင်သူတစ်ယောက်ပါ ...
ကျီကျားဝေ ကတော့ ကွာရှင်းရေးကုမ္ပဏီက ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ် .. သူကတော့မော်ဒယ်လ်မင်းသမီးချောလေး ဟယ်ကျီယွီ နဲ့လမ်းခွဲပြီးနောက် အသည်းကွဲနေတဲ့သူတစ်ယောက်ဖြစ်ပေမယ့် ကျားဝေအဖေကတော့ သူ့ကို ရှေ့ဆက်ချစ်တတ်ဖို့ သိမ်းသွင်းစည်းရုံးနိုင်ရန် ကြိုးပမ်းနေပါတယ်...
ကျားဝေ ဟာ အောင်သွယ်ကုမ္ပဏီနဲ့ ကွာရှင်းရေးအေဂျင်စီတို့အကြား အောင်သွယ်အခမ်းအနားလေးတစ်ခုလုပ်ဖို့ အဆိုပြုရာမှ ရှောင်ထုန်နဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ် ... အဲ့မှာ နှစ်ယောက်သား မှားယွင်းတဲ့ခြေလှမ်းတွေနဲ့ဆုံဖြစ်ခဲ့ရာက တစ်ယောက်နဲ့တစ်ယောက် ညှင်းပန်းအနိုင်ယူရတာကို ပျော်မွေ့လာပါတော့တယ်
... အဲ့တာနဲ့ တစ်ချိန်တည်းမှာပဲ ကျော်ကြားလှတဲ့ စာဖိုမှူးကြီး ရှန်းကျီယန်တစ်ယောက် ရှောင်ထုန်ကိုသိကျွမ်းဖို့ဖြစ်လာပြီး သူမအပေါ်ခံစားချက်တွေ စတင်တိုးပွားလာရင်းက သူတို့ရဲ့အချစ်ရေးဇာတ်လမ်းလေး ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးရှင့် ...
ဒီလိုလေးလုပ်ပေးတာကျေးဇူးပါ
Episode 5 ကဇာတ်သိမ်းပိုင်းလား