ဇာတ်လမ်းအကျဉ်း
ဇာတ်လမ်းလေးကတော့ လူသားမျိုးနွယ်နဲ့ မွန်းစတားတို့အချစ်ဇာတ်လမ်းစရာကနေ မင်းသမီးမှာကိုယ်ဝန်ရှိလာခဲ့တာကနေ စရမှာပေါ့
ထျန်းကျန်းကျီနဲ့ ရွှယ်လင်းချောင်တို့ဟာ ကား Accident တခုဖြစ်ရာကနေတွေ့ဆုံပြီးချစ်ကြိုက်ခဲ့ကြတယ်I မင်းသမီးလေး ကတတော့တရုတ်ပြည်ရဲ့ ဒုတိယအကျော်ကြားဆုံးသရုပ်ဆောင်မင်းသမီးပေါ့ မင်းသားကတော့ အသက်ရာကျော်ရှည်နေတဲ့ မွန်းစတားမျိုးနွယ်ဝင်လေး ဒါပေမဲ ရွှယ်လင်းချောင်ဟာသူရဲ့ချစ်သူ အန္တာရယ်ဖြစ်လာမှာစိုးရိမ်တဲ့အတွက် သူကထွက်သွားခဲ့တယ် ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ထျန်းကျန်းကျီမှာရွှယ်လင်းချောင်ရဲ့ ကိုယ်ဝန်ရနေတာကိုသိသွားခဲ့တယ်အဲအချိန်မှာမင်းသားကလဲသိရှိသွားခဲ့ပြီး ကလေးနဲ့ ချစ်သူကို ကာကွယ်ဖို့အတွက်ထျန်းကျန်းကျီရဲ့အိမ်ဘေးကိုပြောင်းလာတယ်ထျန်းကျန်းကျီက မွန်းစတားမျိုးနွယ်ဝင် ယွီကျန်းနဲ့ ဆုံတွေ့ပြီး ယွီကျန်းက ထျန်းကျန်းကျီကို romantic ဆန်စွာ ထျန်းကျန်းကျီရဲ့အချစ်ကိုရယူဖို့ကြိုးစားနေတယ်ပေါ့
S ဆိုတဲ့ အမည်ရတဲ့အဖွဲ့ အစည်းဟာ ထျန်းကျန်းကျီရဲ့ကိုယ်ဝန်ကို လေ့လာစမ်းသပ်ဖို့ ချိုးယွဲ့ပိုင်ကို စေလွှတ်လိုက်တယ် ချိုးယွဲ့ပိုင်ဟာထျန်းကျန်းကျီဆီကို ချဉ်းကပ်ခဲ့တယ် ထျန်းကျန်းကျီနဲ့ ရွှယ်လင်းချောင် တို့နှစ်ဦးအတူတူ ပျော်ရွှင်စွာဘဝကိုဖြတ်သန်းသွားမလား ချောမောခန့်ညားတဲ ယွီကျန်းရဲ့ အချစ်ကို လက်ခံမလား မွန်းစတားနဲ့လူသားကြားက အချစ်ဇာတ်လမ်းကိုကြည့်ရှူပေးကြပါဦးနော် 😘

🎞 ဇာတ်လမ်းအကျဉ်း 👇
ဇာတ်လိုက်မင်းသားကင်ဝူးဟွန်ကတော့ ရဲဋ္ဌာနရဲ့ရာထူးအမြင့်ဆုံးအရာရှိတစ်ယောက်ရဲ့သားဖြစ်ပြီး ရဲစခန်းရဲ့ အမှတ်အမြင့်ဆုံး ရထားတဲ့သူတယောက်ပေါ့ ဝူးဟွန်ကရဲဋ္ဌာနကို ပထမအဆင့်နဲ့ဝင်ရောက်ခဲ့ပြီ ရဲတက္ကသိုလ်မှာလဲပထမအဆင့်နဲ့ဘွဲ့ရခဲ့တယ် သူက စုံထောက်အနေနဲ့ ဆိုက်ဘာစုံစမ်းစစ်ဆေးဋ္ဌာနကိုဝင်ရောက်ခဲ့တယ် ပြီးတော့ဆိုက်ဘာလောကမှာပုန်းကွယ်နေတဲ့လျို့ဝှက်ချက်တွေကိုဖော်ထုတ်တယ် အစွမ်းအစနဲ့ ရဲတက္ကသိုလ်မှ အောင်မြင်စွာနဲ့ ဘွဲ့ရယူနိုင်ခဲ့တယ် ဆိုက်ဘာစုံစမ်းရေးအဖွဲ့ထဲဝင်ပြီးတဲ့ အခါမှာတော့ စုံထောက်ကင်ဟာ ကြွက်နဲ့ကြောင်လိုမျိုး ဆိုက်ဘာ လောကမှာနာမည်ကြီးလာခဲ့တယ် ဟက်ကာတွေကို ခက်ခဲစွာနဲ့ ထောက်လှမ်းတယ် လူလိမ်တွေရဲ့ မရဏမင်းဖြစ်နေခဲ့တယ် အဲ့လို အရာတွေနဲ့ တွဲလုပ်ဖို့ အတွက် သူ့ရဲ့ ပါတနာ ဂီယောင်နဲ့ တွဲလုပ်ခဲ့တယ် ဂီယောင်က သက်သေပြဖို့အတွက် သူ့ရဲ့ စွမ်းရည်နဲ့ ဖော်ထုတ်တယ်အဲ့အချိန်မှာ ဝူးဟွန်ကလည်း ဆိုက်ဘာလောကရဲ့ လျို့ဝှက်ချက် ကို သိလာတဲ့ အခါ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ဆိုတာ မင်မင်တို့နဲ့အတူJK Entertainment Channel ကနေ စောင့်မျှော်ကြည့်ရှု့ကြရအောင်နော် 🤗